စီမံကိန်း အသေးစိတ်
ဤလှုပ်ရှားမှုသည် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်ရှိ မေတ္တာရိပ် ဘိုးဘွားရိပ်သာတွင် နေထိုင်လျက်ရှိသော ခိုကိုးရာမဲ့ အဘိုးအဘွား (၁၂၅) ဦးအတွက် နေ့စဉ်အစားအသောက်၊ ဆေးဝါး၊ Diaper၊ သန့်ရှင်းရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များကို ပံ့ပိုးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသော ရန်ပုံငွေလှုပ်ရှားမှုဖြစ်ပါသည်။ ပြည်သူများအနေဖြင့် ငွေကြေး၊ စားနပ်ရိက္ခာနှင့် လိုအပ်သောပစ္စည်းများကို စေတနာရှိသလောက် ပါဝင်လှူဒါန်းနိုင်ပြီး သက်ကြီးရွယ်အိုများ၏ ဘဝကို လုံခြုံနွေးထွေးစွာ ဆက်လက်စောင့်ရှောက်နိုင်ရန် ပူးပေါင်းကူညီနိုင်ပါသည်။




