မေတ္တာရိပ် ဘိုးဘွားရိပ်သာမှ အာဟာရဒါနနှင့် လည်ပတ်ရေးရန်ပုံငွေအတွက် အလှူရှင်များ ဖိတ်ခေါ်
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်ရှိ မေတ္တာရိပ် ဘိုးဘွားရိပ်သာသည် လက်ရှိတွင် အာဟာရဒါနအလှူရှင်များနှင့် လည်ပတ်ရေးရန်ပုံငွေ လိုအပ်နေသဖြင့် စေတနာရှင်များအား ပါဝင်လှူဒါန်းပေးရန် မေတ္တာရပ်ခံထားသည်။
မေတ္တာရိပ် ဘိုးဘွားရိပ်သာသည် ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်တွင် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး လက်ရှိတွင် အဘိုးအဘွား (၁၂၅) ဦးအား နေထိုင်ရေး၊ အစားအသောက်၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နေ့စဉ်လိုအပ်သော ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အလှူရှင်နည်းပါးလာမှုကြောင့် ရိပ်သာ၏ လည်ပတ်ရေးရန်ပုံငွေနှင့် အာဟာရဒါနအတွက် အခက်အခဲများ ကြုံတွေ့နေရပြီး ဆန်၊ ဆီ၊ ဆေးဝါး၊ Diaper နှင့် နေ့စဉ်အစားအသောက်စရိတ်များအတွက် အများပြည်သူ၏ ပူးပေါင်းကူညီမှုကို ဖိတ်ခေါ်ထားသည်။ စေတနာရှင်များ၏ ပါဝင်လှူဒါန်းမှုများသည် ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ၏ နေထိုင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်အကောင်အထည်ဖော်နိုင်ရန် အရေးပါသော အထောက်အပံ့ဖြစ်မည်ဖြစ်သည်။
ပုံများ (4)