မေတ္တာရိပ် မိဘမဲ့ဂေဟာရှိ ကလေးငယ် (၃၄၉) ဦးအတွက် အာဟာရဒါန အကူအညီများ လိုအပ်နေ
မိတ္ထီလာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ၊ ပင်လုံးရပ်ကွက်ရှိ မေတ္တာရိပ် မိဘမဲ့ဂေဟာတွင် စောင့်ရှောက်ထားသော မိဘမဲ့ကလေးငယ် (၃၄၉) ဦးအတွက် ဆန်၊ ဆီ၊ နို့မှုန့်နှင့် နေ့စဉ်အစားအသောက်စရိတ်များ ပံ့ပိုးရန် အလှူရှင်များ၏ ကူညီမှု လိုအပ်လျက်ရှိသည်။
မေတ္တာရိပ် မိဘမဲ့ဂေဟာသည် မိဘမဲ့ကလေးငယ် (၃၄၉) ဦးအား နေထိုင်ရေး၊ ပညာရေးနှင့် အာဟာရပိုင်းဆိုင်ရာများကို စောင့်ရှောက်ပေးလျက်ရှိသည်။ လက်ရှိတွင် လမ်းခရီးအခက်အခဲများ၊ ကုန်ဈေးနှုန်းမြင့်တက်လာမှုများကြောင့် အာဟာရဒါနအလှူရှင်များ နည်းပါးလာပြီး ကလေးငယ်များအတွက် လိုအပ်သော ဆန်၊ ဆီ၊ နို့မှုန့်နှင့် နေ့စဉ်စားနပ်ရိက္ခာများ ဖြည့်ဆည်းရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ ထို့ကြောင့် စေတနာရှင်များအား မိမိတို့တတ်နိုင်သမျှ ပါဝင်ကူညီလှူဒါန်းပေးရန် ဖိတ်ခေါ်ထားသည်။
ပုံများ (5)