Awba Group CARE ငလျင်ဘေးပြန်လည်ထူထောင်ရေး အစီအစဉ် စတင်ဆောင်ရွက်

Awba Group CARE ငလျင်ဘေးပြန်လည်ထူထောင်ရေး အစီအစဉ် စတင်ဆောင်ရွက်

မြန်မာ့သြဘာလုပ်ငန်းစု (Awba Group) သည် ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် Awba Group CARE လှူဒါန်းရေးအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း ကျပ် ၄.၅ ဘီလီယံကျော် ရရှိခဲ့သည်။
မြန်မာ့သြဘာလုပ်ငန်းစု (Awba Group) သည် ၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်ဘေးဒဏ်သင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပံ့ပိုးနိုင်ရန် Awba Group CARE လှူဒါန်းရေးအစီအစဉ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ အဆိုပါအစီအစဉ်မှ စုစုပေါင်း ကျပ် ၄,၅၄၉,၄၆၃,၂၀၇ ရရှိခဲ့ပြီး ယင်းရန်ပုံငွေများကို ပျက်စီးသွားသော အိမ်များ၊ ကျောင်းများနှင့် ဆေးခန်းများ ပြန်လည်တည်ဆောက်ခြင်း၊ သောက်သုံးရေ ရရှိရေးလုပ်ငန်းများနှင့် ငလျင်ဘေးသင့် ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်သည်။