ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်း

ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်း

ထပ်တူ ဝမ်းသာပါစေ ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်းသည် ကလောမြို့ရှိ ရေဘေးသင့်ပြည်သူများအား ငွေကြေးနှင့် အခြေခံလိုအပ်သောပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့သည်။
ခိုင်နှင်းဝေပရဟိတဖောင်ဒေးရှင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ရှိ ရေဘေးသင့်ပြည်သူများအား ငွေကြေးနှင့် အခြေခံလိုအပ်သော ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့သည်။ ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ခြေ (၁၂၃) အိမ်အား တစ်အိမ်လျှင် ငွေကျပ် (၃၀) သိန်းစီ ထောက်ပံ့ခဲ့ပြီး စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အဝတ်အစား၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်များကိုလည်း လှူဒါန်းခဲ့သည်။ ထို့ပြင် ရေဘေးသင့်ပြည်သူ (၃၀၀) ဦးအား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။