"လက်တွဲကူညီ ဧရာဝတီ" အစီအစဉ်ဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့
ဧရာဝတီဘဏ်နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့သည် ရေဘေးသင့်ကျေးရွာများသို့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းခဲ့သည်။
ဧရာဝတီဘဏ်နှင့် ဧရာဝတီဖောင်ဒေးရှင်းတို့သည် "လက်တွဲကူညီ ဧရာဝတီ" အစီအစဉ်ဖြင့် ရေဘေးသင့် ကျေးရွာ (၂၆) ရွာရှိ အိမ်ထောင်စု (၃,၂၈၄) စုအတွက် ဆန်၊ ဆီ၊ ရိက္ခာခြောက်များ၊ ရေသန့်၊ ဆေးဝါးများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို လှူဒါန်းခဲ့သည်။ ထို့အပြင် ရေဘေးသင့်ဒေသများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပုံများ (2)